M.C.F.B NEWS

school's sports : The third Annual School’s sports was held on 4.1.07 in the school sporting ground The event was opened with an opening speech......................     more »

child focus network(CFN) : A workshop concerning the Rights of children was held from March 22-24 at YMCA under the sponsorship of CFN..........                                               more »

CONTACT

Address : No/165, Baho Street, 2 Qtr. 
              Mayangone Township,
              Yangon, Myanmar.
Tel        : 95-1-661689, 662034
E-mail    : mcfb@mptmail.net.mm
Website : www.mcfblind.com


NEWS LETTER

မြင်တွေ့နိုင်ကြပါစေ

   

          ရန်ကုန်မျက်မမြင်ကျောင်းတွင်ပညာသင်ကြားနေကြသောဒုတိရတန်းကျောင်းသားစောကလယ်မူးစေးနှင့်တတိယတန်း
မောင်မောရွှေတို့ ကို ၂၀၀၇ ခုနှစ်မေလ(၁၄)ရက်နေ့၌လည်း ကောင်း၊ဒုတိရတန်းကျောင်းသူနော်ဆာအယ်ဘလုဖေါကို ၂၀၀၇ ခုနှစ်ဇွန်လ (၄) ရက်နေ့၌လည်းကောင်း၊ ရန်ကုန်အထူးကုဆေးရုံကြီး၌တက်ရောက်ကာမျက်စိ ခွဲစိတ်ကုသပေးခဲ့ပါ သည်။
           ယခုအချိန်တွင် အလင်းရောင်ကို ကောင်းမွန်စွာ မြင်တွေ့ခံစားနိုင်ပြီဖြစ်သည့်အပြင် စာလုံးများကိုလည်း ဖတ်ရှု့နိုင်ပြီဖြစ်ပါ သည်။ မျက်စိခွဲစိတ်ကုသပေးသော ဒေါက်တာဒေါ်ရီရီအောင်အားလည်းကောင်း၊ ခွဲစိတ်ကုသရာတွင် ကုန်ကျစရိတ်ပေးလှူသော ဒေါ်ကျင်ဥနှင့်ကိုဇေယျာဆက်တို့အား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

          

အင်္ဂလန်နိုင်ငံမှ Mr.Fredericle Farley (Independent Aid Worker) သည်ဇွန်လှ(၂၅) ရက်နေ့၌ ရန်ကုန်မျက် မြင်ကျောင်းရှိ မျက်မမြင် ကျောင်းသား/သူများအတွက် ဂီတာ(၁၀)လုံး၊ တယော(၁)လက်နှင့် မျက်မမြင်ပုံနှပ်စက် တစ်လုံးကို ပေးလှူခဲ့ပြီး ဂီတ အနုပညာသည် မျက်မမြင်များအတွက်အသက်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

 

ဂျင်းစိုက်ပျိုးရေးသင်တန်း

ရန်ကုန်မျက်မမြင်သင်တန်းကျောင်းမှ ကြီးမှုး၍ ဂျင်းစိုက်ပျိုးရေးသင်တန်းကို ၂၀၀၇ ခုနှစ် ဇွန်လ (၁၄) ရက်နေ့၌ ကျောင်းဝင်းအတွင်း ကျင်းပပြုခဲ့ပါသည်။ ထိုသင်တန်းကို စိုက်ပျိုးရေး ကျွမ်းကျင်သူ ဆရာမ ဒေါ်ဥမ္မာကျော်က စာတွေ့လက်တွေ့ ပို့ချပေးပြီး ဌာနအသီးသီးမှ ၀န်ထမ်းများနှင့် ကျောင်းသူ/ ကျောင်းသား (၁၂) ဦးတက်ရောက်ခဲ့ပါသည်။

 

Capacity Building သင်တန်း

    

Capacity Building သင်တန်းကို ၂၀၀၇ခုနှစ် ၊ မေလ (၂၃) ရက်နေ့ မှ (၂၅) ရက်နေ့အထိ (မခမမ) ခန်းမဆောင်၌ ကျင်းပ ပြုလုပ် ရာ အမှုဆောင်အတွင်းရေးမှုးများ ကျောင်းအုပ်ကြီးများနှင့် ၀န်ထမ်းစုစုပေါင်း (၂၇) ဦးတက်ရောက်ခဲ့ကြသည်။ သင် တန်း၌ Monitoring and Evaluation Terms and Concepts ကို ဆရာဦးသန်းထွန်း Project Supervisor (၀န်ထမ်းခြင်းနှင့် ဖွံဖြိုးရေးဌာန) နှင့် ဆရာဦးရွှေလင်း (အမှုဆောင်အတွင်းရေးမှုး - မြန်မာနိုင်ငံတက္ကသိုလ် ခရစ်ယာန်လုပ်ငန်း) တို့မှ သင်ကြားပို့ချပေးခဲ့ကြပါသည်။

လူငယ်များ နှီးနှောဖလှယ်ပွဲ

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ) လူငယ်များ၏ နှီးနှောဖလှယ်ပွဲကို ၂၀၀၇ ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့၌ (မခမမ) အားကစားခန်းမဆောင်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ကြပါသည်။ ထိုအစီအစဉ်တွင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်၌ လူငယ်များ၏ လှုပ်ရှားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနှီးနှော တိုင်ပင်အကြံပြုခဲ့ကြပါသည်။တစ်ဆက်တည်းမှာပင် လူငယ်များအတွက် အဆိုသင်တန်းဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့ပါသည်။

မေတ္တာပြနိုင်ပါသည်

မျက်မမြင်သားလေး မောင်မောင်ကိုအား ၁၉၉၃ ခုနှစ် ၊ မေလ (၁၃) ရက်နေ့၌ အဖဖြစ်သူ ဦးဆန်းလှိုင်၊ အမိဒေါ်တင်နိုင်တို့မှ ဖွားမြင်ခဲ့ပါသည်။မွေးရာပါမျက်မမြင်ဖြစ်ပြီး မွေးချင်း မောင်နှမများ မရှိခဲ့ပါ။ အသက် (၁၀)နှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူမှာ အိမ်ဖော်အလုပ်ကို ၀င်ရောက်လုပ်ကိုင်ရပါသည်။ သို့ဖြစ်ပါ၍ မျက်မမြင်သားလေးအား ပညာရေးနှင့် ကျန်းမာရေးအတွက် မပြုစု မပျိုးထောင်နိုင်ပါ။ရန်ကုန်မျက်မမြင်ကျောင်းသို့  ၂၈.၅.၂၀၀၇ ရက်နေ့တွင် ရောက်ရှိလာပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်၌ သူငယ်တန်း ပညာကို စတင်သင်ကြားနေပါသည်။ မိခင်မုဆိုးမမှာ သားလေး အတွက် အထောက်အပံ့ မပေး နိုင်သောကြောင့် မောင်မောင်ကို၏ ပညာရေးနှင့် ဘ၀လမ်း ခရီး တိုးတက်ရန် အတွက် ကူညီပံ့ပိုး မေတ္တာပြမည့်သူလိုအပ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။


« PREV | NEXT »

.Copyright © 2007-2008 www.mcfblind.com. All Right Reserved. Created by CREATIVE Web Studio.
 blog counter