|
NEWS LETTER
၁၉
ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ
မသန်မစွမ်းအားကစားပြိုင်ပွဲ
မြန်မာနိုင်ငံ
မသန်စွမ်းသူများအားကစား အဖွဲ့ချုပ်၏ ဦးစီးမှု
ဖြင့် (၁၉) ကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ
မသန်စွမ်းသူများ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ
အခမ်းအနား အစီအစဉ် ကို (၂၂.၉.၀၇) နေ့တွင်
အောင်ဆန်း အားကစား ကွင်း ၌ ကျင်းပ ပြုလုပ်ခဲ့
ပြီးပြေး၊ ခုန်၊ပစ်ပြိုင်ပွဲများကို
(၂၃)ရက်နေ့အထိဆက်လက်ကျင်းပခဲ့ပါသည်။
ရန်ကုန်မျက်မမြင် ကျောင်း (ခ၀ဲခြံ) မှ မျက်မမြင်
ကျောင်းသား ကျောင်းသူ ( ) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့
ကြပြီး အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင် ရွှေ
(၁)ဆု၊ ငွေ (၁)ဆု၊ အမျိုးသား
အလျားခုန်ပြိုင်ပွဲတွင် ရွှေ (၁)ဆု၊ အမျိုးသမီး
အလျားခုန် ပြိုင်ပွဲတွင်ရွှေ(၁)ဆု၊ အမျိုးသား လှံတံ
ပစ် ပြိုင်ပွဲ တွင်ငွေ (၁) ဆု၊ အမျိုးသမီး
လှံတံပစ် ပြိုင်ပွဲ တွင် ငွေ(၁)ဆု၊ အမျိုးသား
သံလုံးပစ်ပြိုင်ပွဲတွင် ငွေ(၁)ဆု၊ အမျိုးသား သံ
ပြားဝိုင်းပစ်ပြိုင်ပွဲတွင် ကြေး(၁) ဆု၊
အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲ
တွင်ကြေး(၁)ဆု၊ အမျိုးသား
မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင်ကြေး (၁) ဆု၊
အမျိုးသမီး မိတာ(၁၀၀)အပြေးပြိုင်ပွဲတွင်
ကြေး(၁)ဆုအမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲတွင်
ကြေး(၁)ဆု၊ စုစုပေါင်းပြိုင်ပွဲ (၁၁)မျိုး တွင်
ရွှေ(၃)ဆု၊ငွေ(၄)ဆုနှင့် ကြေး(၅)ဆုတို့
ကိုဆွတ်ခူးရရှိခဲ့ပါသည်။
မေတ္တာကရုဏာစကားပဒေသာ
ရန်ကုန်မျက်မမြင်
ကျောင်းရံပုံငွေရှာဖွေခြင်းအစီအစဉ်အဖြစ်
နှစ်စဉ်ကျင်းပမြဲ ဖြစ် သော မေတ္တာ
ကရုဏာစကားအစီအစဉ်ကို (၂၀၀၇) ခုနှစ်၊ ဇူလိုင်လ (၂၁)
ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ
ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မေတ္တာက ဦးဆောင်
ပြီး ရုပ်ရှင်နဲ့ဂီတအနုပညာရှင်များ ဖြစ်ကြတဲ့
ချိုပြုံး၊ မေသဉ္ဇာဦး၊ လင်းဇာနည်ဇော်၊
တက္ကသိုလ်ဂွမ်းပုံ၊ သန်းမြတ်စိုး၊ မျိုးမြင့်လေး၊
ချစ်စရာ၊ ပေါ်လေး၊ ငွေမိုး၊ လူဇော်၊ ဂျေညီညီ၊
ရဲလေး၊ ထွန်းထွန်း(Example)၊ မိုးပြည့်ပြည့်မောင်၊
မီးငယ်၊ အာကာဟိန်း၊ တို့မှ သူတို့ရဲ့
အနုပညာများကို ပြသတင်ဆက်ခဲ့သည့်အပြင်
မိုးပြည့်ပြည့်မောင်၊ ထွန်းထွန်း(Example)၊ နှင့်
ဇော်ဟိန်း(မွန်းလိုက်) တို့မှလည်း အလှူငွေများ
ပေးအပ်လှူဒါန်းခဲ့ပါသည်။
ရှင်သန်သူများ၏ သတင်းနှင့်
စာနယ်ဇင်းရှင်းလင်ပွဲ

(မ.ခ.မ.မ)မှ
မျက်မမြင်ဂီတ၀ါသနာရှင်များနှင့်နိုင်ငံကျော်
ဂီတအနုပညာရှင်များ တွဲ ဖက် သီဆိုထားတဲ့
ရှင်သန်သူများ၏သီချင်း
အခွေထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ (၁၇.၇.၂၀၀၇)
နေ့မှာစာနယ် ဇင်းသမားများအား ဖိတ်ခေါ်၍ (Mr.Brown)
မှာ စာနယ်ဇင်းပွဲကို ပြုလုပ် ကျင်းပခဲ့ပါတယ်။
Tape. CD. VCD ဖြင့်ထုတ်လုပ်မှာ ဖြစ် ပြီး
ယခုအခါမွှာTape နှင့် CD မှာ ထွက်ရှိ နေပြီ
ဖြစ်ပါတယ်။ VCD လည်း ဆက်လက် ဖြန့်ချီသွားမှာ
ဖြစ်ပါတယ်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ
ရန်ကုန်မျက်မမြင်ကျောင်း၏ (၂၀၀၇-၀၈) ပညာသင်နှစ်အ
တွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲ
အခမ်းအနား အစီအစဉ် ကို(၂၀၀၇) ခုနှစ်
ဇူလိုင်လ(၂)ရက်နေ့၌ (မ.ခ.မ.မ) ခန်မဆောင်တွင်
ကျင်းပပြု လုပ်ရာ (မ.ခ.မ.မ) တွဲဖက်အထွေထွေအတွင်း
ရေးမှူး (အကျိုးဆောင်) မှ
နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ယခုပညာသင်
နှစ်တွင် ကျောင်းသူ/သားသစ်(၂၂)ဦး ရောက်
ရှိလာသဖြင့်ကျောင်း၌ ကျောင်း၌ ကျောင်းသူ/သား
စုစုပေါင်း (၁၅၃) ဦးကို ပညာသင်ကြားပေးလျက်
ရှိပါသည်။။
(မ.ခ.မ.မ) နေ့
(၂၀၀၇) ခုနှစ် သြဂုတ်လ (၄) ရက်နေ့၌ ကျရောက်သော
(မ.ခ.မ.မ)၏ (၃၂)
နှစ်မြောက်မွေးနေ့ကျေးဇူးတော်ချီးမွမ်းခြင်း
အစီအစဉ်ကို (မ.ခ.မ.မ) ခန်းမဆောင်၌
စည်းကားသိုက်မြိုက် စွာကျင်းပခဲ့ပါသည်။ ပထမပိုင်း
ကျေးဇူးတော် ချီးမွမ်း ၀တ်ပြုခြင်း၌ Myanmar
Institute of Technology (MIT) မှ ကျောင်းအုပ်
Rev, Dr ဆိုင်မွန်ပေါင်ခန့်အင် မှ ဒေသနာ ဝေငှပြီး
မ.ခ.မ.မ (C.E.C) ကော်မတီဝင်တစ်ဦး ဖြစ်သည့် Rev.
မန်းလှထွန်းမှ ဆုတောင်း မေတ္တာပို့သခဲ့ပါသည်။
ဒုတိယပိုင်းအနေဖြင့်
ဝန်ထမ်းများနှင့်ကျောင်းသူ၊ကျောင်းသား များအား
အဖွဲ့ (၄) ဖွဲ့ခွဲ၍ ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့
ပါသည်။ အစီ အစဉ်ကို နံက် (၉း၀၀)နာရီတွင် စတင်၍ ညနေ
(၄း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
မျက်မမြင်များအတွက် သင်တန်း
International
Association for the visually Impaired (IAVI)
နှင့် မြန်မာနိုင်ငံမျက်မမြင်များအသင်း (မမသ) တို့
ပူးပေါင်း၍ မျက်မမြင်များအတွက်
လမ်းလျောက်တုတ်ပြုလုပ်နည်း သင်တန်းကို(၂၀၀၇)
ခုနှစ် စက်တင်ဘာလ(၃) ရက်မှ (၁၂) ရက်နေ့ အထိ
ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင်
မသန်စွမ်းအရင်းမြစ် Center န မှအတိုင် ပင်ခံအရာရှိ
ဦးမောင်မြင့်နှင့် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော
Kazuhico Yamaguchi, Chiaki Shiba တို့မှ
နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး (မမသ)
ဒုဥက္ကဌမှ ကျေးဇူးတင်စကားပြန် လည်ပြောကြား
ခဲ့ပါသည်။ သင်တန်း၌ Chiakishiba မှ စာတွေ့၊
လက်တွေ့သင်ကြားပို့ချခဲ့ပြီး (၁၂) ဦး
တက်ရောက်ခဲ့ ပါသည်။
ဤမျက်မမြင်တုတ်ပြုလုပ်နည်းသင်တန်းသည်
မျက်မမြင်များအ တွက် တဖက်တလမ်း အားဖြင့်
အသက် မွေးဝမ်း ကျောင်း ပြုနိုင်သော
သင်တန်းတစ်ရပ်ဖြစ်ပါသည်။
မေတ္တာပြနိုင်ပါသည်
အမှတ်(၂၀၉)၊ (၂)ရပ်ကွက်၊ နယ်မြေ(၆)၊
မိုင်းရှုးမြို့၊ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းနေ
အဖဦးအားဒီး၊ အမိဒေါ်နန်းရင်တို့မှသမီး
မအေးလျှန်အား (၁၉၉၄)ခုနှစ်၊ ဖေဖော်ဝါ
ရီလ (၂၂)ရက်နေ့တွင် မွေးဖွားခဲ့ ပါသည်။ မအေးလျှန် သည်
မွေးရာပါ မျက်မမြင် တစ်ဦးဖြစ်ပြီး မိသားစုများမှာ
ရှမ်းလူမျိုး ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်။
(၂၀၀၅)ခုနှစ်တွင် ဖခင်ဖြစ်သူကွယ်လွန်
၍မိခင်နှင့်အဖွားမှာ ဈေးရောင်းကာ
အသက်မွေးဝမ်းကျောင်း ပြုရပါသည်။ မအေးလျှန်ကို ထိုရပ်ကွက်ရှိ သင်းအုပ်ဆရာမှ
ကြည့်ရှု့ထောက် ပံပေးပြီး (မခမမ) ခရီးစဉ်
အဖွဲ့နှင့် တွေ့ဆုံကာ ရန်ကုန်မျက်မမြင်
ကျောင်းသို့ ၂၀၀၇ ခုနှစ်ဇွန်လ(၂၃) ရက်နေ့တွင်
သင်းအုပ် ဆရာ၏ အကူအညီဖြင့် ကျောင်းသို့
ရောက်ရှိလာပါသည်။ ၄င်းသည်
(၂၀၀၇-၂၀၀၈)ပညာသင်နှစ်တွင်ကျောင်း၌ သူငယ်
တန်းပညာကို စတင်သင်ကြားလျှက်ရှိပြီး ၄င်း၏
ပညာရေးနှင့် ဘ၀ခရီး လမ်းအတွက် ကူညီ ထောက်ပံကာ
မေတ္တာ ပြနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။
« PREV |