M.C.F.B NEWS

school's sports : The third Annual School’s sports was held on 4.1.07 in the school sporting ground The event was opened with an opening speech......................     more »

child focus network(CFN) : A workshop concerning the Rights of children was held from March 22-24 at YMCA under the sponsorship of CFN..........                                               more »

CONTACT

Address : No/165, Baho Street, 2 Qtr. 
              Mayangone Township,
              Yangon, Myanmar.
Tel        : 95-1-661689, 662034
E-mail    : mcfb@mptmail.net.mm
Website : www.mcfblind.com


NEWS LETTER

စတုတ္ထအကြိမ်မြောက် ရန်ကုန်မျက်မမြင်ကျောင်း၏ အားကစားပြိုင်ပွဲ

စတုတ္ထအကြိမ်မြောက် ရန်ကုန်မျက်မမြင်ကျောင်း၏ အားကစားပြိုင်ပွဲကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့၌ ကျောင်းအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲရာ ရှေးဦးစွာ နှစ်သစ် ဆက်ကပ် ဆုတောင်းခြင်းနှင့်အတူ အားကစား ပြိုင်ပွဲဖွင့်ပွဲကို (မခမမ) ဥက္ကဌ ဒေါ်သန်းသန်းနွဲ့၏ ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပါ သည်။
ဆက်လက်၍ ဒုတိယပိုင်း အစီအစဉ်အနေဖြင့် မျက်မမြင် ကျောင်းသူ/သားများ အတွက် ပြိုင်ပွဲပေါင်း (၂၉) မျိုးကို (မခမမ) ၀န်ထမ်းများဦးဆောင်မှုဖြင့် ပြုလုပ် ပေးခဲ့ပါသည်။

Rotary Club ၏ အလှူ

၂၀၀၈ ခုနှစ် မတ်လ (၃၁) ရက်နေ့၌ ဂျပန်နိုင်ငံမှ Funabashi higashi ဦးဆောင်သည့် Rotary Club အဖွဲ့သား (၁၁) ဦးတို့သည် ရန်ကုန်မျက်မမြင် ကျောင်းသူ/သားများအတွက် မျက်မမြင် လမ်းလျောက် တုတ်အချောင်း (၇၀) ကို ပေးလှူခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းကို ပြန်လည်ပေးအပ်ခဲ့ပါသည်။




အာစရိယပူဇော်ပွဲ

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့က ရန်ကုန်မျက်မမြင်ကျောင်း၏ ကျောင်းသားခေါင်းဆောင်များမှ ဦးဆောင်၍ အာစရိယ ပူဇော်ပွဲ အခမ်းအနားကို (မခမမ) အထွေထွေအတွင်းရေးမှူးဖြစ်သော သိက္ခာတော်ရဆရာ ဦးသိန်းလွင်မှ ဆုံးမသြ၀ါဒစကား ပြောကြားပြီး YWAM မှ ဆရာဦးပီတာလှမင်းက တရားဒေသနာဝေငှကာ ရန်ကုန်မျက်မမြင်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသူ/သားများမှ ဆရာ/မ များအား မေတ္တာလက်ဆောင်များ ပေးအပ်ကာ အစားသောက်များဖြင့် ကျွေးမွေးဧည့်ခံပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

Grand Meeyahata Hotel\ Charity Performance အစီအစဉ်

Grand Meeyahta Hotel \ Charity Performance အစီအစဉ်ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့၌ Hotel ၀င်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခြားအဖွဲ့အစည်းမှ ကလေးများနှင့် ရန်ကုန်မျက်မမြင်ကျောင်းမှ ကျောင်းသူ/သား စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။
အစီအစဉ်တွင် ကလေးသူငယ်များ၏ ဖျော်ဖြေတင်ဆက်ခြင်းနှင့် ကလေးများအတွက် ပျော်ပွဲရွင်ပွဲများကို ကဏ္ဍအလိုက်ပြုလုပ်ပေးပြီး ညနေစာဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံခဲ့ပါသည်။


လက်မှုပညာသင်တန်းဆင်းပွဲ

ရန်ကုန်မျက်မမြင်ကျောင်း၏ (၂၀၀၇-၀၈) ပညာသင်နှစ် လက်မှုပညာ သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ် ပေးအပ်သည့် အခမ်းအနားအစီအစဉ်ကို (၂၀၀၈) ခုနှစ် မတ်လ (၂၈-၂၉) ရက် နေ့ များတွင် ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကြိမ်ထိုးအတတ်နှင့် အနှိပ်သင်တန်း အောင်မြင်သူ (၇) ဦးတို့ကို အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်တွင် ရုပ်ရှင်နှင့် ကြော်ငြာသရုပ်ဆောင် စတီရီယို တေးသံရှင် ရာဇာနေ၀င်း၊ ရဲလေး နှင့် အခြားစတီရီယို တေးသံရှင်များ ဖြစ်ကြသော သျှီ၊ ဂျေညီညီ၊ ဘရိတ်ကီ၊ စေားဖိုးခွား၊ ဖိုးကာ၊ ယုဇန၊ စူဇီ၊ နန္ဒာ၊ ချစ်သုဝေ၊ ဂူဂူး၊ ဘေးဘီ၊ သဇင်၊ သူရိန်စိုး၊ S’ကဲနက်၊ L ဆိုင်းဇီ၊ N ကိုင်ရာ၊ သိလွှာနု၊ ဟန်ထွန်း၊ လှိုင်း၊ ထွဋ်ခေါင်ဦး၊ ဖြိုးကြီး၊ လှိုင်ဦးမော်၊ ဂျေညီမလေး၊ ကဗျာဘွဲ့မှူး စသည်တို့မှ လာရောက်မေတ္တာပြကာ သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။
 

မေတ္တာပြနိုင်ပါသည်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ သံတဇာကျေးရွာနေ အဖ ဦးစောလယ်ဝါး၊ အမိ ဒေါ်ဖြူးမ တို့မှ သားသမီး (၂) ဦး ထွန်းကားသည့်အနက် အငယ်ဆုံးသားဖြစ်သော စောရှိုင်းနင်း စတုန်းအား (၁၈.၈.၉၉) ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၄င်းသည် မွေးရာပါ မျက်မမြင်တစ်ဦးဖြစ်ပြီး မိသားစုမှာ ကရင်လူမျိုး၊ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါသည်။ မိခင်မှာ မျက်မမြင်တစ်ဦးဖြစ်ပြီး ဖခင်မှာ မိသားစု၏ စားဝတ်နေရေး အတွက် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရပါသည်။ မျက်မမြင် သားဖြစ်သူအား အချိန်ပေး ဂရုပြု စောက်ရှောက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျောင်းသို့ (၁၄.၆.၀၅) ရက်နေ့တွင် လာရောက် အပ်နှံခဲ့ပါသည်။
၎င်းသည် ယခု ၂၀၀၈-၀၉ ပညာသင်နှစ်တွင် သူငယ်တန်း၌ ပညာသင်ကြားလျက်ရှိပြီး ဥာဏ်ရည်ထက်မြက်သော ကလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ ရှေ့ဆက်မည့် ပညာရေးနှင့် ဘ၀လမ်းခရီး သာယာဖြောင့်ဖြူးစေရန်အတွက် စောရှိုင်းနင်းစတုန်းအား ကူညီပံ့ပိုးပေးမည့်သူ လိုအပ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

« PREV | NEXT »

.Copyright © 2007-2008 www.mcfblind.com. All Right Reserved. Created by CREATIVE Web Studio.
 blog counter