|
NEWS LETTER
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ(မ.ခ.မ.မ) နဲ့ဆိုင်ကလုံး
(nargis)
ကျွန်မတို့ချစ်တဲ့
မြန်မာနိုင်ငံတော်ကြီးမှာ 2008ခုနှစ်
မေလ(2)ရက်နေ့က (3)ရက်နေ့အထိ ပြင်းထန်လှတဲ့ Nargis
ဆိုင်ကလုံးမုန်တိုင်းကြိး တိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီ
မုန်တိုင်းကြောင့် လူပေါင်းများစွုာတို့ရဲ့
အိုးအိမ်စည်းစိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရသလို
လူပေါင်းများစွာတို့ရဲ့ အသက်တွေ
ဆုံးရှုံးခဲ့ရပါတယ်။ အချို့မိဘများ
သားသမီးမဲ့သွားသလို အချို့သားသမီးများ
မိဘမဲ့သွားရရှာပါတယ်။ ဇနီးဆုံးတဲ့ ခင်ပွန်းတွေ၊
ခင်ပွန်းဆုံးတဲ့ ဇနီးတွေ ဒုနဲ့ဒေးပါ။ အဲ့ဒီ Nargis
ဆိုင်ကလုံးမုန်တိုင်းကြီးဟာ ရန်ကုန်မြို့ကိုလည်း
အလွတ်မပေးခဲ့သလို ရန်ကုန်မြို့ရဲ့ ခ၀ဲခြံမှာရှိတဲ့
မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ
မိတ်သဟာယ(မ.ခ.မ.မ)လည်း မလွတ်ခဲ့ပါဘူး။

Nargis ဆိုင်ကလုံးမုန်တိုင်းကြီးက ၀င်းအတွင်း နှစ်ပေါင်း မြောက်များစွာက စိုက်ပျိုးရှင်သန်ကြီးထွား လာခဲ့တဲ့ အပင်ကြီးများကို မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းမှာဘဲ အမြစ်ပါမကျန်အောင် မှောက်လှန်လိုက်ရုံတင်မက
အသီးများနဲ့ ဝေဆာနေတဲ့အပင် များကိုလည်း ခါချလိုက်ပါတယ်။

ဒီအချိန်မှာ မျက်မမြင်ကလေးများရဲ့
ဘ၀ကိုမြှင့်တင်ပေးနေတဲ့ ရန်ကုန်
မျက်မမြင်ကျောင်းတော်ကြီး ဟာလည်း ပြင်းထန်တဲ့
လေမုန်တိုင်း အောက်မှာအမိုးတွေလွင့်ထွက်၊
နံရံတွေပြိုပျက် ရုံသာမက ၀ရံတာတွေလည်း
ကျိုးကျပျက်စီးကုန်ပါတယ်။
ဒါ့အပြင်
အဆောင်ပေါ်က အမိုးနဲ့တုတ်တန်းတွေ
ပြိုကျလွင့်စင်မှုကြောင့် ကားမှန်တွေလည်းထိခိုက်
ပျက်စီးခဲ့ရ ပါတယ်။မျက်မမြင်ကလေးတွေနေတဲ့အဆောင်ရဲ့
မှန်ချပ် တွေဟာလည်း အလွန်ပြင်းထန်တဲ့ လေကို
ခုခံနိုင်စွမ်းမရှိလို့ ကြေမွပျက်စီးကုန်တာကို
ကြေကွဲစွာ မြင်တွေ့ရပါတယ်။
မျက်မမြင်
ဝန်ထမ်းအိမ်တစ်လုံး သစ်ပင်ပိလို့ တစ်ခြမ်းလုံး
ပျက်စီးသွားသလို ၊ သစ်ပင်ပိတဲ့
အခြားဝန်ထမ်းအိမ်တွေ၊ အမိုးတွေ လန်ထွက်သွားတဲ့
ဝန်ထမ်းအိမ်တွေကိုလည်း တွေ့ရပါတယ်။
မျက်မမြင်မိသားစုများဟာ နေအိမ်တွေမှာ
နေလို့မရတော့တဲ့ အခြေအနေတွေကြောင့်
ခိုလှုံဖို့အတွက် နေရာ ရှာရပါတယ်။ 
အဲ့ဒီအချိန်မှာ မ.ခ.မ.မ
အထွေထွေအတွင်းရေးမှူးကြီးရဲ့ နေအိမ်ဟာ 8
နေရာရှာဖွေသူတို့အတွက် ခိုနားရာ ဖြစ်လာရ
ပါတော့တယ်။ အချို့လည်း ကျောင်းဆောင်တွေ အောက်မှာ
နေရပါတယ်။အဲ့ဒီလို အခက်အခဲတွေ
ရှိပင်ရှိငြားသော်လည်း မိမိတို့ထက်
အခြေအနေဆိုးတဲ့သူတွေထံ (မ.ခ.မ.မ)ဟာ အရောက်သွားပြီး
အခုလို ကူညီလှူဒါန်းခဲ့ပါသေးတယ်။
2008ခုနှစ် Juneလ (5)ရက်နေ့က ဖျာပုံမြို့နယ်
မရံ့ရွာသစ်စုရှိ အိမ်ထောင်မိသားစု (1030)စု
ထံသို့၎င်း၊ 2008ခုနှစ် Juneလ (18)ရက်နဲ့
(25)ရက်တွေမှာ ဘိုကလေးမြို့နယ်
ပိုက်စလကျေးရွာမှာရှိတဲ့ အိမ်ထောင်စု
(676)စုသို့၎င်း 2008ခုနှစ် Juneလ (25)ရက်နေ့မှာဘဲ
ဘိုကလေးမြို့နယ် ဦးနီစုကျေးရွာနဲ့
ဝန်းကျင်မှာရှိတဲ့ အိမ်ထောင်စုပေါင်း
(600)သို့၎င်း၊ စားနပ်ရိက္ခာနဲ့
အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ပေးပို့
လှူဒါန်းခဲ့ပါတယ်။(မ.ခ.မ.မ)နဲ့
ရန်ကုန်မျက်မမြင်ကျောင်းတော်ကြီးဟာ
လေဒဏ်၊မိုးဒဏ်၊ရေဒဏ်တွေရဲ့အောက်မှာ
ပျက်စီးမှုများစွာနဲ့ ရင်ဆိုင်ခံစား ခဲ့ရသော်လည်း
လေဘေး၊ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ
အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတာမို့
မေတ္တာစေတနာရှင်များကိုလည်း မခမမနှင့်အတူ
လက်တွဲဆောင်ရွက်ရန် မေတ္တာဖြင့်
ဖိတ်ခေါ်အပ်ပါတယ်ရှင်။
NEXT
» |